မင်္ဂလာပါ ... အောင်ဗိုလ်ဗိုလ်ဦး (နည်းပညာမျှဝေခြင်း) သို့ အလည်ရောက်လာသူအားလုံး ကိုစိတ်နှစ်ဖျာ ကျန်းမာကြပါစေ။

Sunday, March 5, 2017

Lava Iris 515 Root and myanmar font ထည့်နည်း။


Ais ကထုတ်တဲ့ Lava Iris 515 ဖုန်းကိုမြန်မာစာမမှန်တဲ့သူတွေအတွက် Root ဖောက်ပြီး မြန်မာစာထည့်နည်းလေးကိုတင်ပေးလိုက်ပါတယ်.။ကျွန်တော်ကတော့ Computer နဲ့ ဖောက်တဲ့အတွက် PC အတွက်ရောဖုန်းအတွက်ပါတင်ပေးမှာပါ။
ကွန်ပြူတာနဲ့ဖောက်မယ့်သူတွေအတွက် ဖုန်းနဲ့ ကွန်ပြူတာနဲ့သိအောင် ဖုန်းမှာ usb debugging ကိုအမှန်ခြစ်ပေးထားပါ။ ဘယ်လိုဖွင့်ရမလဲမသိတဲ့သူတွေအတွက်ကတော့ ပထမဆုံး ဖုန်းရဲ့ Setting ထဲကိုဝင်ပါ။About Device ကိုနှိပ်ပါ။ Build number ကို 5ချက် 6ချက်လောက်ဆက်တိုက်ခေါက်ပေးလိုက်ပါ။ ပြီးရင်နောက်ပြန်ထွက်လိုက်ပါ။Developer option ကိုတွေ့ပါလိမ့်မယ်။နှိပ်လိုက်ပါ။Developer option ကိုအမှန်ခြစ်ပေးလိုက်ပါ။ပြီးရင်အောက်ဆွဲချပြီး usb debugging ကိုအမှန်ခြစ်ပေးလိုက်ပါ။ဒါဆိုရပါပြီ။ပြီးရင်အောက်မှာပေးထားတဲ့ King root ကိုအင်စတောလုပ်ပြီးဖွင့်လိုက်ပါ။ဖုန်းကိုကွန်ပြူတာမှာချိတ်လိုက်တာနဲ့Root မရှိရင် Root လုပ်ခိုင်းပါလိမ့်မယ်.။ Root ကိုနှိပ်လိုက်ပါ။ဖုန်းပိတ်ပြီးပြန်ပွင့်လာပါလိမ့်မယ်။ဒါဆိုရင် king root superuser ကိုတွေ့ပါလိမ့်မယ်။ဒါဆိုRoot ဖောက်တာအောင်မြင်ပါပြီ။ ဖုန်းနဲ့ဖောက်မယ့်သူတွေအတွက်ကတော့ King root apk ကိုဒေါင်းပြီးဖောက်ပါ။လုပ်တက်မယ်ထင်လို့ မပြောပြတော့ဘူးနော်။နောက်တစ်ဆင့်အနေနဲ့ မြန်မာစာထည့်ဖို့ အတွက်အောက်မှာပေးထားတဲ့ TT Font changer pro apk လေးကိုဒေါင်းလိုက်ပါ။Install လုပ်ပြီးဖွင့်လိုက်ပါ။Super user တောင်းရင် Allow ကိုနှိပ်ပြီးပေးလိုက်ပါ။ပြီးရင် Install zawgyi နဲ့ Install unicode နှစ်မျိုးရှိပါတယ်။ကြိုက်ရာသွင်းနိုင်ပါတယ်။ဖုန်းပိတ်သွားပါလိမ့်မယ်။ပြန်ပွင်ံလာရင်မြန်မာစာရပါပြီး။ကျွန်တော်ကိုတိုင်
စမ်းထားတာမို့ စိတ်ချရပါတယ်.။တခြားroot tool တွေ apk တွေနဲ့ စမ်းထားပြီး အခုနည်းနဲ့ လုပ်လို့မရရင် ဖုန်းကို reset လုပ်ပြီး ဒီနည်းအတိုင်းပြန်သွင်းပါ။
အဆင်ပြေကြပါစေ။

http://aungbobooo13.blogspot.com

Share:

1 comments:

  1. Lava Iris 515 Root And Myanmar Font ထည့်နည်း။ ~ Aungbobooo >>>>> Download Now

    >>>>> Download Full

    Lava Iris 515 Root And Myanmar Font ထည့်နည်း။ ~ Aungbobooo >>>>> Download LINK

    >>>>> Download Now

    Lava Iris 515 Root And Myanmar Font ထည့်နည်း။ ~ Aungbobooo >>>>> Download Full

    >>>>> Download LINK Rb

    ReplyDelete


Aungbo
မင်္ဂလာပါ ကျွန်တော့် ဘလော့လေးကိုလာလယ်သူများ အသိပညာတစ်ခုခုတော့ ရသွားကြမယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ် အချိန်ကိုတန်းဖိုးရှိရှိ အသုံးချနိုင်ကြပါစေ။ လိုချင်တာလေးတွေ သိချင်တာလေးတွေကို ချက်ဘောက်မှာ မှာခဲ့ကြပါ။

Facebook ကဖက်ချင်ရင် Like ခဲ့ပါ။

Chat box